Archive for May 21st, 2010
ပြည်သူတွေက ရေငတ်နေတယ် ကြပ်ပြေးမှာ ဒီလိုရေတွေ ဖြုန်းနေတယ်
ရင်နာစရာ အဖြစ်တွေပါ။
မြန်မာနိုင်ငံရဲ့ ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ ရေကြောင့် ပျော်ရွှင်ချမ်းမြေ့ရသူတွေအပေါ် မုဒိတာ ပွားပေးနိုင်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ ပူပြင်းလွန်းလို့ အသက်ဆုံးရှုံးရသူတွေ၊ ရေမရှိလို့ ဒုက္ခရောက်နေရသူတွေအပေါ်မှာ အင်မတန်မှ ဂရုဏာသက်ရပါတယ်။ တိုင်းသူပြည်သားတွေကို ကျောသားရင်သား ခွဲခြားအုပ်ချုပ်ရင် ဒါဟာ အာဏာရှင်စနစ်ဘဲ ဖြစ်တယ်။ ဒီစနစ်အောက်မှာ လုံးဝကို မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်ကုန်ပြီ။
“ပြည်သူတွေက ရေငတ်နေတယ် ကြပ်ပြေးမှာ ဒီလိုရေတွေ ဖြုန်းနေတယ်” ဆိုတဲ့ သတင်းဆောင်းပါးကို ဒီမိုဝေယံမှ အပြည့်အစုံ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။
………………………………………………………….
ပြည်သူတွေက ရေငတ်နေတယ် ကြပ်ပြေးမှာ ဒီလိုရေတွေ ဖြုန်းနေတယ် (ခံစားကြည့်ကြပါဗျာ)
နေပြည်တော်ပျဉ်းမနားတွင် အပူချိန်မြင့်မားမှုကြောင့် ရေပန်းဥယျာဉ်သို့ အပန်းဖြေသူ များလာနေကြောင်း စုံစမ်းသိရှိရပါသည်။
နေပြည်တော်ခရိုင်တွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) စသည့် အများပြည်သူ အပန်းဖြေစခန်းများရှိသော်လည်း နေရာ အလှမ်းဝေးသည့်အတွက် ရုံးဝန်ထမ်းများနှင့် အပန်းဖြေလိုသူများသည် မိမိတို့အလုပ်ချိန်အပြီး ညနေပိုင်းများတွင် ရေပန်းဥယျာဉ်သို့ လာရောက် အပန်းဖြေကြကြောင်းလည်း ရေပန်းဥယျာဉ်သို့ လာရောက်သူများက ဆိုပါသည်။
“ညနေရုံးဆင်းတာနဲ့ ရေပန်းဥယျာဉ်ကို မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ သွားရတာလည်း သိပ်အလှမ်းမဝေးဘူး။ ၀င်ကြေးကလည်း ကျပ် ၂၀၀ ပဲ ရှိတယ်။ ရေတံခွန်မှာလည်း အပူသက်သာအောင် ရေကူးချင်လည်း ရတာကိုး”ဟု နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းတစ်ဦးက ဆိုပါသည်။
ထို့အပြင် ရေပန်းဥယျာဉ်တွင် Water Movie ခေါ် ရေပန်းရုပ်ရှင်ကို ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ပြသခြင်းကြောင့် လူအများ စိတ်ဝင်စားမှု ရှိကြကြောင်းလည်း သိရသည်။
“ရေပန်းဥယျာဉ်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆို ပိုစည်တယ်။ အနီးနားမြို့တွေဖြစ်တဲ့ တောင်ငူ၊ ရမည်းသင်း၊ နေပြည်တော်တပ်ကုန်း၊ မိတ္ထီလာမြို့တွေကပါ လာလည်တာကို တွေ့ရပါ တယ်” ဟု နေပြည်တော်ရေပန်း ဥယျာဉ်တွင် ဓာတ်ပုံရိုက်သူတစ်ဦးက ပြောပြခဲ့ပါသည်။
source … http://www.news-eleven.com/
|
အထက်ပါ ပုံတွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ပြည်သူတွေမှာ ရေအတွက် ခေါင်းမီးတောက်နေပြီး လူကြီးတွေသာမကပဲ ကလေးငယ် တွေပါမကျန် အရွယ်နဲ့မမျှပဲ ရေရရှိရေးအတွက် နေပူကျဲတဲမှာ လုံးပမ်းနေရတာ ရင်နှင့်ဖွယ် တွေ့ရပါတယ်။ ရေထည့်စရာ ခွက်တို့၊ ပုန်းတို့တောင် မရှိတဲ့ဘဝတွေပါ…။ အပေါ်က စစ်အာဏာရှင်တွေရဲ့ နေပြည်တော် ကြပ်ပြေးမှာတော့ သောက်သုံးရေအတွက် မဟုတ်ပဲ ကစားပျော်ပါးဖို့ ရေကို အလျှံပယ် ရရှိနေပါတယ်။
လက်ရှိအာဏာရှင် တွေဟာ ကျွန်တော်တို့ ပြည်သူတွေ အပေါ်မှာ ထားတဲ့စေတနာ ကတော့ မြင်ရတဲ့ အတိုင်းပါပဲ။ ပြည်သူတွေ့ရဲ့ ဘဝကတော့ လုံခြုံမှုကင်းမဲ့ ၊ အနာဂတ်မဲ့၊ အလကားရတဲ့ ရေတောင် လောက်လောက် ငှငှမရရှိတဲ့ ဘဝတွေကို ရောက်ရှိနေပါပြီ။ တကယ့်ပြည်သူတွေရဲ့ ဘဝနဲ့ အာဏာရှင်တွေရဲ့ ဘဝဟာ မိုးနဲ့မြေတမျှ ကွားခြားနေပါပြီ။ လက်တွေ့ဘဝတွေပါ.. စစ်အာဏာရှင်တွေကို မျက်စိမှိတ် ထောက်ခံနေသူတွေ လေးလေးနက်နက် စဉ်းစားဆင်ခြင် ကြည့်ကြပါ။
Posted by ဒီမိုဝေယံ at Friday, May 21, 2010


‘


