ဘာကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရသလဲ (စာတမ်း)
Download – ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘာကြောင့် လက်မခံနိုင်ရသလဲ
ကျနော်တို့ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစု အားလုံးရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)က ၃-၁ဝ-၂ဝ၁ဝ နေ့ အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ “ဘာကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရသလဲ” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။
ဒီစာတမ်းဖြစ်ပေါ်လာဖို့ ကျနော်တို့အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကို အခြေခံပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နေပြီ ဖြစ်ပါတယ်။ အကူအညီ ပေးနိုင်သူများကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
ဘယ်သူမဆို မိမိတို့ လက်လှမ်းမီရာအထိ အကျယ်ပြန့်ဆုံး တဆင့် ပြန်လည် ဖြန့်ပေးစေလိုပါတယ်။
ပြည်တွင်းထဲထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်အောင် ကြိုးစားပေးကြပါ။
အာဏာရူး အာဏာရှင် စစ်ခေါင်းဆောင် လက်တဆုပ်စာရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံပဲ ရသမျှ တိုက်ဖျက်ကြပါစို့။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
….



အားမာန်အပြည့် နဲ့  ချီတက်နေတဲ့  ငါတို့ ရဲ့ ခြေလှမ်းတွေ က
ဒီ(၇) ရက်ဆိုတဲ့ နိုဝင်ဘာ ကြောင့် 
တစိုးစိမျှ တွေဝေတုံ့ ဆိုင်း စဉ်းစားနေမှာမဟုတ်
ငါတို့ ပိုလို့ အားမာန်ထပ်ထည့် ပြီး သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ 
ခရီးဆက်နေအုန်းမှာဘဲ…ခရီးဆက်ရအုန်းမှာဘဲ..ခရီးဆက်နေရမှာဘဲ(အသင့်)
ွှ့Thi Tar
October 21, 2010 at 7:53 am