သမတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားလွှာ လက်မှတ်ရေးထိုး လှုပ်ရှားမှု (Online campaign)
မိုးမခမှ အပြည့်အစုံ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။
မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ သူငယ်ချင်း မိတ်ဆွေများထံ တဆင့် ပို့ပေးခြင်းဖြင့်၎င်း (Online campaign) တွင် ပါဝင်လှုပ်ရှားကြပါ။
မူရင်း Link – https://spreadsheets.google.com/spreadsheet/viewform?formkey=dDFSblM2aVB5Y0lMbkwwc05BM2Z1Mmc6MQ
Please Join the Signature Campaign of Burma – starting 17th April 2011
နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ္ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည်လက်ခံထားကြတဲ့အတွက်လည်း၊ မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်း ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ဆက်နွယ်နေပါတယ်။ မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။ ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဒီ မေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။ သင်လည်းပဲ မြန်မာပြည်သားတဦးအဖြစ် လက်တွဲပါ။ လက်မှတ်များကို စုစည်းပြီး မြန်မာပြည်က အင်န်အယ်ဒီရုံးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများထံ တင်ပို့ပေးမည်။ မိုးမခမီဒီယာက သည်ဖောင်ကို စမ်းသပ်ပြီး မျှဝေပါတယ်။
မူရင်း ပန်ကြားလွှာ ဖိုင် – download - BurmaSignatureCampaign2011


