Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ငွေကြာယံ သတင်းများ (ဒီဇင်ဘာ ၂၀၀၇)

leave a comment »

 

more

 

VOA(Burmese)

စစ်အစိုးရက ဖမ်းဆီးခံသံဃာအချို့ ပြန်လွှတ်ပေးလိုက်သည့်အပေါ် ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့၏ တုံ့ပြန်ပြောဆိုချက်

18 December 2007

ဦးကျော်အောင်လွင် audio clip
Listen to ဦးကျော်အောင်လွင် audio clip

ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲက တချို့ကိုယ်တော်တွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ သံဃာတော်တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်ပြီး ပြည်ပမှာ မကြာခင်က ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရကို လျှောက်ထားမေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

အခုလိုမျိုး သံဃာတော်တွေ ပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သာသနာ့ဥသျှောင်အဖွဲ့က ဘယ်လို သဘောထားရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲဘုရား။

“ပြန်လွှတ်လိုက်တဲ့အတွက် ဦးဇင်းတို့အနေနဲ့ လက်ခံပါတယ်။ ထောင်ထဲမှာရှိတဲ့ သံဃာတော်တွေအားလုံး လွှတ်ပေးဖို့အထိကို ဦးဇင်းတို့ မျှော်လင့်ထားပါတယ်။ အခု လွှတ်ပေးတာက သံဃာအပါး ၅၀ လောက် ဆိုတာ အနည်းအကျဉ်းပဲရှိပါသေးတယ်။ သူတို့ဖမ်းထားတဲ့ရာခိုင်နှုန်းနဲ့စာရင် ဘာမှမရှိသေးပါဘူး။ အဲတော့ အခုလွှတ်ပေးတာ အပြင်ကို နောက်ထပ် အားလုံးကိုလွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ တိုက်တွန်းပါတယ်။
ထို့အတူပဲ သံဃာတော်များအပြင် အဖမ်းခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေအားလုံးကို လွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ မျှော်လင့်ပါတယ်”

အခု မြန်မာပြည်တွင်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင် အဖွဲ့က ပဓာနစရိယဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒဟာ အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ မြန်မာပရိသတ်တွေကို တရားဟောပွဲတွေ တပွဲပြီးတပွဲကျင်းပနေတယ်လို့ ကြားရပါတယ်။ မစိုးရိမ်ဆရာတော်ဘုရားက အဓိက ဘယ်လို အကြောင်းတွေကို ဟောတယ်၊ တရားနာပရိသတ်တွေဘက်က ဘယ်လိုတုံ့ပြန်မှုတွေရှိတယ်၊ ဒီလို တရားဟောပွဲတွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အကျဉ်းချုံး ရှင်းပြပေးပါဘုရား။

“ဦးဇင်းတို့ ပဓာနစရိယဆရာတော်တပါးဖြစ်တဲ့ ဦးကောဝိဒဟာ အခု အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းမှာ ပထမဆုံးခရီးအဖြစ် မြန်မာတွေရှိတဲ့မြို့တွေမှာလိုက်ပြီး တရားဟောပွဲတွေ လုပ်နေပါတယ်။ တဖက်မှာလည်း ပီနန်ဆရာတော်ကြီး ဦးပညာဝံသကလည်း ဂျပန်ကိုကြွပြီး ဂျပန်မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ မြန်မာပြည်သူတွေကို တရားဟော၊ သြ၀ါဒပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။

“အမေရိကန်အနောက်ဘက်ခြမ်းမှာ ကြွလာတဲ့ ဆရာတော်ဦးကောဝိဒရဲ့ သြ၀ါဒခံယူပွဲ၊ ဆရာတော် ချီးမြှောက်တဲ့ပွဲတွေကိုပြောမယ်ဆိုရင် လူတော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ သူ့ရဲ့သြ၀ါဒပွဲမှာ ကံကြီးထိုက်သူဆိုတဲ့အမည်နဲ့ ဆရာတော်က ဟောကြားပေးခဲ့ပါတယ်။ သီလရှိ၊ သမာဓိရှိ၊ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ကံကြီးထိုက်မယ်ဆိုတဲ့သဘောကို ဆရာတော်က ပရိသတ်ကို ဟောကြားသွားပါတယ်။ အာဏာရှင်တို့ဇာတ်သိမ်းဆိုတာ ဖြစ်ပါတယ်။ အဲဒီမှာ
ကောသလမင်းဟာ အာဏာရှင်ဖြစ်ပြီးတော့ အာဏာရှင်ဘ၀ရဲ့ ဇာတ်သိမ်းကို ဆရာတော်က မီးမောင်းထိုး၊ သြ၀ါဒပေးပြီး ဆုံးမသွားပါတယ်။

“မြန်မာပြည်ဆင်းရဲခြင်းအကြောင်းရင်းဆိုတဲ့ သြ၀ါဒခံယူပွဲမှာ ဆရာတော်က ဘာတွေနဲ့ ဥပမာပေးပြီး ဟောသွားလဲဆိုတော့ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းတို့၊ လူသားစားတဲ့ ပေါရိသာဒတို့၊ ငါးကြီးအာနန်ဒါတို့ ဥပမာထားပြီး ဆရာတော်က ရှင်းလင်းပြတ်သားစွာ ဟောကြားသွားပါတယ်။

“နောက်တပွဲကတော့ ဘာ့ကလေမှာဟောသွားပါတယ်။ အဲဒီမှာဟောတာက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ ဗုဒ္ဓဘာသာအရေးကို စိတ်ဝင်စားတဲ့ နိုင်ငံ ခြားသားတွေကို ဦးစားပေးပြီးတော့ ဟောပါတယ်။ အဲဒီပွဲမှာတော့ လူမျိုးခြားတွေပါ။ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ရဟန်းတွေ အဖမ်းခံရ၊ နှိပ်စက်ခံရတဲ့အခါမှာ ဆရာ တော်ကြီးတွေဆိုရင် နည်းနည်းသက်သာတယ်။ တချို့နာမည်မရှိတဲ့ ဆရာတော်လေးတွေဆိုရင် ဘာမှမသိဘဲ နှိပ်စက်ခံရတယ်၊ ပြန်လွန်တော်မူသွားတာတွေရှိတယ်ဆိုပြီး။ ဟိုတုန်းကဆိုရင် ရဟန်းနာမည်နဲ့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်တယ်။ အခုဆိုရင် ရဟန်းရဲ့ ဘွဲ့နာမည်နဲ့တောင် မဟုတ်တော့ဘူး၊ ထောင်ကျပြီဆိုရင် လူနာမည်ပေးပြီးနေရတဲ့ အခြေအနေမျိုးကိုရောက်နေပြီ ဆိုတဲ့အကြောင်း ဆရာတော်က အဲဒီပွဲမှာ ဟောမှာဖြစ်ပါတယ်။

“နောက်တပွဲကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ဆရာတော်ကြွပြီး ဟောမှာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်ကိုပြန်လာပြီး ဓမ္မဇောတိကျောင်းမှာ ဟောမှာဖြစ်ပါတယ်။ ဆရာတော် ဟောမယ့်တရားတွေ ဦးဇင်း အကြမ်းဖျဉ်းသိထားတာက ရဲသော်မသေ၊ သေသော်ငရဲမလားနဲ့ ဆရာတော်နဲ့ ထောင်ဆိုတဲ့ သူ့ရဲ့အတွေ့အကြုံတွေကို ဟောမှာဖြစ်ပါတယ်”

အခုလိုမျိုး ဆရာတော်ကြီးက မြန်မာမိသားစုအသိုင်းအ၀ိုင်းမှာ ဟောပြောတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရတယ်လို့ အရှင်ဘုရားတို့ တွေ့ရပါသလဲဘုရား။

“ဆရာတော်ရောက်တဲ့အရပ်မှာ မြန်မာပရိသတ်၊ နိုင်ငံခြားသား အမေရိကန် ပရိသတ်တွေဟာ သာသနာ့ ဥသျှောင်အဖွဲ့ကြီးကနေ ပြည်တွင်းပြည်ပမှာရှိတဲ့ လူထုတွေ၊ ဆရာတော် သံဃာတော်တွေ စည်းရုံးပြီးတော့ မြန်မာ့အရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေပြီဆိုတာကို သူတို့က လက်တွေ့မြင်လိုက်ရ၊ သိလိုက်ရပါတယ်။ အဲဒီအတွက် သူတို့က ကျေနပ်ဝမ်းသာပြီး ဆရာတော်တွေအတွက် လိုအပ်တာ သူတို့တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းတာ လုပ်ပါတယ်။ လူထုရဲ့ ၀မ်းမြောက်ဝမ်းသာထောက်ခံချက်ကို ဦးဇင်းတို့ ရှေ့မှာတင် မျက်ဝါးထင်ထင် တွေ့ရပါတယ်၊ ၀မ်းသာစရာအဖြစ် မြင်ရပါတယ်”

တပည့်တော်တို့သိရသလောက် အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေကြတဲ့ မြန်မာ သံဃာတော်တွေအားလုံး အရှင်ဘုရားတို့ရဲ့ သာသနာ့ဥသျှောင်မှာ မပါဝင်ဘူးလို့ သိထားပါတယ်ဘုရား။ ဒီလိုမပါဝင်တဲ့ သံဃာတော်တွေဟာ အရှင်ဘုရားတို့နဲ့ ဘယ်လိုသဘောထားမတိုက်ဆိုင်မှုတွေ ရှိနေလို့ပါလဲဘုရား။

“ဦးဇင်းတို့အနေနဲ့ သဘောထားမတိုက်ဆိုင်မှုရှိတယ်လို့ လုံးဝပြောလို့မရပါဘူး။ သူတို့တွေက ဦးဇင်းတို့ သံဃာတွေပါပဲ၊ ဦးဇင်းတို့မိတ်ဆွေတွေပါပဲ။ သူတို့အနေနဲ့ မပါဝင်ချင်တဲ့ဆန္ဒက ဦးဇင်းတို့ကို ကန့်ကွက်တာမဟုတ်ပါဘူး။ သူတို့ ကိုယ်ရေးကိုယ်တာအတွက်ပါ။ သာသနာ့ဥသျှောင်ကို ဆန့်ကျင်လို့၊ မထောက်ခံလို့ မဟုတ်ပါဘူး။ သူတို့ စိတ်အားဖြင့် ဦးဇင်းတို့ သံဃာ့ဥသျှောင်အဖွဲ့ကို ထောက်ခံပြီးသားပါ၊ ဆန္ဒပေးပြီးသားတွေ ဖြစ်ပါတယ်။ အများစု ၉၉ ရာခိုင်နှုန်းလောက်က အဲလိုဖြစ်ပါတယ်။

“ဒါပေမယ့် တခြားတဖက်မှာ သူတို့ရဲ့ မူရင်းစွဲကြောက်စိတ်လေးတွေက မြန်မာပြည် အစိုးရများ သူတို့ သိလို့ရှိရင် ပြန်လို့မရဘူး၊ သူတို့ရဲ့ အမေတွေ၊ အဖေတွေနဲ့ သေတာတောင်မှ သူတို့တွေ့ခွင့်မရဘူးဆိုတဲ့ အဲဒီစိုးရိမ်စိတ် လွန်ကဲမှုတွေက သူတို့ ဦးဇင်းတို့နဲ့ အတူတကွ ပါဝင်ဖို့ သိပ်ခက်နေပါတယ်။ အဲဒါကိုလည်း ဦးဇင်းတို့က နားလည်ပေးပါတယ်။ သာသနာ့ဥသျှောင်အဖွဲ့ကို မပါတာနဲ့ဘဲ သူတို့ကို ဦးဇင်းတို့က ရန်သူလည်း မဟုတ်ပါဘူး၊ မိတ်ဆွေတွေပါပဲ။ သာသနာ့ဥသျှောင်မှာ ရန်သူသံဃာရယ်လို့ တပါးမှ
မရှိပါဘူး။ ဦးဇင်းတို့နဲ့ သဘောထားကွဲလွဲတယ်လို့လည်း မယူဆပါဘူး”

မကြာခင်တုန်းက ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
ပုံနှိပ်ရန်လွယ်ကူသည့်စာသား

http://www.voanews.com/burmese/2007-12-18-releasedmonksreact.cfm

RFA (Burmese)

ငွေကြာယံကေဵာင်း သံဃာအခဵို့ကို ကေဵာင်းတိုက်ပြန်ပိုႛ

2007.12.17

weapons

သံဃာတွေဦးဆောင်တဲ့ စက်တင်ဘာလ ဆန္ဒပြပွဲမှာ ပၝဝင္မႈနဲႛ ကမႝာေအး ထိန်းသိမ်းရေးစခန်းမှာ သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငွေကြာယံ ကေဵာင်းတိုက်က ဆရာတော် ဦးရေဝတအပၝအဝင် သံဃာ ကိုးဆယ့်ခြောက်ပၝးကို ဒီဇင်ဘာ ၁၄ရက် သောကြာနေႛက ပြန်လွှတ်ပေးလိုက်ပါတယ်။

http://www.rfa.org/burmese/thadin/2007/12/17/some_monks_free/

ဧရာဝတီ

သံဃမဟာနာရကဆရာတော်များ နုတ်ထွက်စာတင်
ကိုသက် | ဒီဇင်ဘာ ၂၁၊ ၂၀၀၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဦးဆောင်ဆရာတော် ၄၇ ပါးအနက် ၁၀ ပါးခန့်သည် နိုဝင်ဘာလလယ် ခန့်တွင် နုတ်ထွက်စာ တင်ကြကြောင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူများက ပြောဆိုကြသည်။

မကွေးဆရာတော် ဦးကုမာရ

နုတ်ထွက်စာတင်ထားသည့် ဆရာတော်များတွင် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဖြစ်သည့် မကွေးဆရာတော် ဦးကုမာရ၊ အကျိုးတော်ဆောင်ဆရာတော် ဦးသြသထဘိဝံသ၊ အင်းစိန်ရွာမဆရာတော် ဦးတိလောကဘိဝံသ၊ ရေနံချောင်း ဆရာတော် ဦးတေဇိန္တ တို့ပါဝင်သည်ဟု သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့် ပါဝင်သည်။ ဦးကုမာရ သည် အဖွဲ့ ၁ ၏ ဥက္ကဌဖြစ်ပြီး သံဃမဟာနာယကအဖွဲ့၏ တာဝန်အရှိဆုံး ဆရာတော်လည်း ဖြစ်သည်။ ဆရာတော်သည် နုတ်ထွက်စာတင်ပြီးနောက် မကွေးသို့ ပြန်ကြွသွားကြောင်း သိရသည်။

ဆရာတော်များနုတ်ထွက်စာတင်ရခြင်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံ ပရိယတ္ထိ စာသင်တိုက်ကို စစ်အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက် စီးနင်းသောကြောင့် ဖြစ်နိုင်သည်ဟု သံဃမဟာနာယကအဖွဲ့နှင့် နီးစပ်သူတချို့က သုံးသပ်ကြသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီကျော်တွင် လက်နက်ကိုင် စစ်သားများနှင့် လုံထိန်း ၂၀၀ ကျော်တို့က မျက်ရည်ယို ဗုံးနှင့် သေနတ်များသုံး၍ ငွေကြာယံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ကြပြီး သံဃာတော်အပါး ၁၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးကာ လူဝတ်လဲလိုက်သည်။ ၀င်ရောက် စီးနင်းသည့်ကာလအတွင်း ရွှေ၊ ငွေအပါအ၀င် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ကို စစ်သားများက သိမ်းဆီးသွားပြီး ကျပ်သိန်း ၅၀ ခန့်ကို သာသနာရေးဝန်ကြီးဌာနမှတဆင့် ကျောင်းတိုက်သို့ ပြန်လည်ပေးအပ်ကြောင်း ငွေကြာယံကျောင်းတိုက်နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

ငွေကြာယံ ပရိယတ္ထိစာသင်တိုက်၏ ဆရာတော် ဦးရေ၀တမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အမှတ် ၂ အဖွဲ့မှ ဒုဥက္ကဌ ဖြစ်သည်။ အာဏာပိုင်တို့က ဆရာတော် ဦးရေ၀တ၊ တိုက်အုပ်ဆရာတော် ဦးဥတ္တမ အပါအ၀င် ငွေကြာယံကျောင်းတိုက်မှ သံဃာ ၅၀ ကျော်ကို ရန်ကုန်မြို့ ကမ္ဘာအေးရှိ သာသနာ့နယ်မြေတွင် အကျယ်ချုပ်ထားကာ ယခုလ ၁၇ ရက်နေ့၌ ကျောင်းတိုက်သို့ ပြန်ပို့ခဲ့သည်။

သံဃာတော်များက စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် လူထုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီးနောက် စစ်အစိုးရက ဘုန်းတော်ကြီးကျောင်း ၆၀ ခန့်ကို အဓမ္မ၀င်ရောက်ဖျက်ဆီးကာ သံဃာတော်များကို ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလကုန်ပိုင်းတွင် စစ်အစိုးရက HIV /AIDS ဝေဒနာရှင်များအတွက် လူမှုအထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် ဘုန်းတော်ကြီးကျောင်းကို မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ချိပ်ပိတ်လိုက်သည်။ မဂ္ဂင်ကျောင်းသည် ဒီမိုကရေစီရေးလှုပ်ရှားသူများ ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။

ယခုအခါ နအဖ စစ်အစိုးရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

ငွေကြာယံ ကျောင်းထိုင်ဆရာတော် အပါအ၀င် အဖမ်းဆီးခံ သံဃာများ ပြန်လည်လွတ်မြောက်

ကိုသက် | ဒီဇင်ဘာ ၁၇၊ ၂၀၀၇

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံ ပရိယတ္ထိ စာသင်တိုက်၏ ကျောင်းထိုင်ဆရာတော် ဦးရေ၀တ အပါအ၀င် သံဃာအပါး ၅၀ ကျော်ကို ယခုလ ၁၄ ရက်နေ့က ကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးခွင့် ပြုလိုက်ကြောင်း ကမ္ဘာအေး ဘုရားဝန်း သာသနာ့နယ်မြေရှိ ဆရာတော်တပါးက အတည်ပြု ပြောဆိုသည်။

ပြန်လည်သီတင်းသုံးခွင့်ရသည့် သံဃာတော်များတွင် တိုက်အုပ်ဆရာတော် ဦးဥတ္တမလည်း ပါဝင်သည်ဟု ငွေကြာယံ ကျောင်းတိုက်နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ဦးဥတ္တမသည် စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီကျော်တွင် လက်နက်ကိုင် စစ်သားများနှင့် လုံထိန်းများ ငွေကြာယံ ကျောင်းတိုက်ကို အကြမ်းဖက် ၀င်ရောက်စီးနင်းစဉ် အထိအနာဆုံးတိုက်ခိုက်ခံရသည့် သံဃာတော် တပါးဖြစ်ပြီး ၎င်းထိန်းသိမ်းရသည့် ငွေကြေးများကိုလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားသည်ဟု ငွေကြာယံ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

“အဲဒီညက ဦးဥတ္တမကိုဖမ်းသွားပြီး စစ်ကြောရေးကိုပို့တယ်၊ သင်္ကန်းချွတ်ပြီး လူဝတ်နဲ့ပို့တယ်။ ဂန်ဘာရီတို့၊ ပီညဲရိုးတို့ လာတဲ့အခါကျတော့ သင်္ကန်းပြန်ဝတ်ပေးတယ်” ဟုလည်း ငွေကြာယံကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ည ငွေကြာယံကျောင်းတိုက်ကို လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြမ်းဖက်စဉ်က သံဃာအပါး ၁၀၀ ကျော်အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကာ လူဝတ်လဲလိုက်သည်။ နောက်တနေ့၌ ဆရာတော် ဦးရေ၀တ အပါအ၀င် ကျောင်းတိုက်တွင်ကျန်နေသေးသည့် သံဃာတော်များကို ထပ်မံဖမ်းဆီးကာ ကမ္ဘာအေး သာသနာ့နယ်မြေတွင် သင်္ကန်းမချွတ်ဘဲ အကျယ်ချုပ်ထားခဲ့ကြောင်း သိရသည်။

ငွေကြာယံကျောင်းတိုက်ရှိ သံဃာတော်များသည် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြသောကြောင့် စစ်အစိုးရ၏ အငြိုးထားခြင်းကို ခံရသူများဖြစ်သည်။

ဆရာတော် ဦးရေ၀တမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အမှတ် ၂ အဖွဲ့မှ ဒုဥက္ကဌ ဖြစ်သည်။ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့်ပါဝင်သည်။

ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှ စာချသံဃာငယ်များအပါအ၀င် စာသင်သားသံဃာ ၂၅ ပါးခန့်ကို ဖိအားပေးကာ နေရပ်ဒေသများသို့ ပြန်ခိုင်းလိုက်သည်ဟုလည်း သာသနာ့နယ်မြေရှိ ဆရာတော်က ပြောသည်။

“ကိုယ့်အသိစိတ်နဲ့ကိုယ်ထွက်သွားဖို့ ဖိအားပေးတာ။ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါလို့ ဖိအားပေးခံရတာ” ဟု သာသနာ့နယ်မြေရှိ ဆရာတော်က ဧရာဝတီကို ပြောသည်။

ယခုနှစ်တွင် ပထမပြန်စာမေးပွဲဖြေဆိုရန် လက်မှတ်ထိုးထားသည့် သံဃာအပါးအရေအတွက်မှာ တ၀က်ကျော်ခန့် နည်းသွား ကြောင်း စုံစမ်းသိရှိရသည်။

http://www.irrawaddy.org/bur/news2007/December/Dec_17a_07.html

ခေတ်ပြိုင်

မြန်မာစစ်အစိုးရက သံဃာတော် (၉၆) ပါးကို ပြန်လွှတ်ပေး
ချမ်းလွန်/ ၁၇ ဒီဇင်ဘာ ၂၀၀၇

 

နအဖစစ်အစိုးရက စက်တင်ဘာဆန္ဒပြမှုတွင်ပါဝင်မှုကြောင့် ဖမ်းဆီး ချုပ်နှောင်ထားသည့် သံဃာတော် (၉၆) ပါးကို ပြန်လွှတ်ပေးကြောင်း ဒီပီအေ သတင်းတွင် ဖော်ပြထားသည်။

ယင်းပြန်လွှတ်ပေးသူများထဲတွင် ကမ္ဘာအေးစစ်ကြောရေးစခန်း၌ ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ဆရာတော် ဦးရေ၀တလည်းပါဝင်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် နအဖအာဏာပိုင်များက လွှတ်ပေးသည့် သံဃာတော်များအနက် (၅၀) ခန့်ကို ရန်ကုန်ရှိ ငွေကြာယံ ကျောင်းတိုက်သို့ ပြန်ခွင့်ပြုခဲ့ပြီး ကျန် (၄၆) ပါးကိုမူ ရန်ကုန်တွင် နေထိုင်ခွင့်မပြုရန် အမိန့်ပေးခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ယခုလ (၃) ရက်နေ့၌ နေပြည်တော်တွင်ကျင်းပသည့် နအဖစစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲ၌ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ သံဃာတော် (၂၁) ပါးနှင့် လူ (၅၉) ဦးကိုသာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ယမန်နေ့က သံဃာတော်အပါး (၅၀) ကျော်ကို လွှတ်ပေးခဲ့သည်ဟု ကြားသိရခဲ့သော်လည်း လွတ်မြောက်သူများထဲတွင် ဦးရေ၀တ ပါဝင်သည်ကိုမူ အတည်ပြု၍ မရသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ-ဘီက ပြောသည်။

ဆန္ဒပြမှုကြောင့် အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံနေရသည့် သံဃာတော်များနှင့် လူများအတွက် စိုးရိမ်ပူပန်ကြောင်း အေအေပီပီ-ဘီ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

၎င်းက “အကျဉ်းထောင်ရဲ့အခြေအနေကလည်း အရမ်းကြီးတိုးတက်နေတာမျိုး မဖြစ်ဘူး။ ပြီးတော့ စစ်ကြောရေးမှာလည်း သူတို့ကို တကယ်ကို ပြင်းပြင်းထန်ထန် စစ်ကြောအနှိပ်စက်ခံနေရတာတွေ ရှိတယ်၊ ပြီးတော့ လုံလောက်တဲ့ ဆေးဝါး စောင့်ရှောက်မှုကလည်း မရှိဘူး။ အဲဒီတော့ သူတို့ရဲ့ကျန်းမာရေးအတွက် ရေရှည်မှာ ဆိုးဆိုးဝါးဝါးဖြစ်မှာကို ကျနော်တို့စိုးရိမ်ပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပေါ်လိုဆာဂျီယို ပီညဲရိုး၏ အစီရင်ခံစာတွင် စက်တင်ဘာအရေးအခင်း၌ ပါဝင်ခဲ့သူပေါင်း (၆၅၀) ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

VOA (Burmese)

ငွေကြာယံစာသင်တိုက် ဆရာတော်ကြီး အပါအ၀င် သံဃာတော်အချို့ ပြန်လည်လွတ်မြောက်

၂၀၀၇ ဒီဇင်ဘာ ၁၇

ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း အဓိက ကျောင်းတိုက် တခုဖြစ်တဲ့ ငွေကြာယံ ဘုန်းတော်ကြီးကျောင်းတိုက်က သံဃာ ၅၀ကျော်ကို စစ်အစိုးရက ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့အချိန်က သံဃာတော် အပါး ၉၀ ကျော် ဖမ်းဆီးခံခဲ့ရပေမယ့် ၅၀ ကျော်ပဲ ပြန်လည် လွတ်မြောက်လာတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေကို ဒါယိကာ၊ ဒါယိကာမတွေကလှူဖွယ်ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပြီး အာဏာပိုင်တွေဘက်ကလည်း စစ်ဆေးမေးမြန်းပြီး ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ပရိယတ္တိ စာသင်တိုက်က ဆရာတော်ကြီးဦးရေ၀တ အပါအ၀င် သံဃာ ၅၁ ပါးကို ဒီဇင်ဘာ ၁၄ ရက်နေ့မနက်က ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းတိုက်ကို ပြန်ပို့ပေးခဲ့ပါတယ်။ မြို့ခံတဦး ပြောပြတာကတော့ …


Monks protest “သံဃာတွေကို ကားတစီးကို ၂ ပါး၊ ၃ ပါး၊ ကားနည်းနည်းခွဲပြီးတော့ ရောက်တော့အားလုံး ၅၁ ပါးပေါ့။ အုပ်စုလိုက်မရောက်ဘူး၊ ၂ ပါး၊ ၃ ပါး တသုတ်၊ ခွဲခွဲပြီးရောက်တယ်။ သံဃာတွေမကြွခင်မှာ ထောက်လှမ်းရေးတွေ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ်။ နောက် အဲဒီမှာ စွမ်းအားရှင်တွေလည်း ရှိတယ်။ အဲလိုပဲ ရှုပ်ရှက်ခတ်ပြီးတော့ နောက်ပိုင်းမှာ သံဃာတွေ ရောက်လာတယ်။ ရောက်လာတော့ အားလုံး ဆရာတော် ဦးရေ၀တပါ ၅၁ ပါးပေါ့။ ရောက်လာတော့ ရပ်ကွက်က ပြည်သူတွေကလည်း ၀မ်းသာအားရနဲ့ သွားကြတယ်။ သွားတော့ အ၀က လုံခြုံရေးတွေက စစ်တယ်၊ စာရင်းလုပ်တယ်၊ ရေးမှတ်ပြီးတော့ ခွင့်ပြုတယ်။ သွားဖူးကြတယ်၊ လှူကြတယ်။

နောက်နေ့ကျတော့ ဆရာတော်ကြီးကလည်း ကျောင်းမှာ ကျန်ခဲ့တဲ့ ဆန်တွေဘာတွေကို ဝေတယ်။ ဝေတော့ သံလမ်းဘက်က ကလေးတွေ အများကြီးပဲ လူတွေ တန်းစီပြီး ယူကြတယ်။ အဲဒီဆန်တွေကုန်သွားတော့ ဆရာတော့်ကိုလှူထားတဲ့ ဟင်းတွေ ဘာတွေ ရှိတယ်၊ အဲဒါတွေပါ ထပ်ဝေပေးတယ်”

ရိုက်နှက်ဖမ်းဆီးခံရသူ သံဃာအပါး ၉၀ ကျော်ထဲက ၅၁ ပါးသာ ပြန်လည် လွတ်မြောက်လာခဲ့လို့ သွားရောက်ဖူးမြော်ခဲ့တဲ့ လူထုက ပြောပါတယ်။ သံဃာတော်တွေဟာ ကမ္ဘာအေးမှာ သင်္ကန်းတွေ ပြန်ဝတ်ခဲ့ပြီး ငွေကြာယံ ကျောင်းတိုက်ကို ပြန်ပို့ပေးခဲ့တာလို့လည်း ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၁၄ ရက်နေ့ကစပြီးဆရာတော်ကြီး ဦးရေ၀တကတော့ မနက်တိုင်း ရပ်ကွက်ကိုပတ်ပြီး မေတ္တာပို့ ဆုတောင်းတာတွေ လုပ်နေတယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ဆရာတော်ကြီးကလည်း မနက်ပိုင်း ၅ နာရီလောက်ဆို ရပ်ကွက်ကို ပတ်ပြီးတော့ ပရိတ်တွေရွတ်တယ်၊ တပါးတည်း လမ်းလျှောက်ပြီး။ ဟိုးတုန်းကလည်း အဲလိုရွတ်ဖူးတယ်။ နောက် ဒီ ဖြစ်ခါနီးတုန်းကတော့ ရွတ်တာ မတွေ့ခဲ့ဘူး။ အခုတော့ ပြန်ရွတ်နေတယ်။ မနက် ၅ နာရီ လောက်ဆို ရပ်ကွက်ကိုပတ်ပြီး ဆရာတော်ကြီးကိုယ်တိုင် ပရိတ်တွေ ရွတ်တယ်”

ငွေကြာယံစာသင်တိုက်ကို ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့ချိန်တုန်းက ရိုက်နှက်ဖမ်းဆီးမှုတွေ အတော့်ကို လုပ်ခဲ့တာကြောင့် မြို့ခံတွေက စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ ဒီနေ့မှာတော့ အရပ်သားကား အတော်များများ ဘုန်းကြီးကျောင်းကို အများအပြား လာရောက် ဖူးမြော်မှုတွေ လုပ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား
 

 

DVB (Burmese)

Myanmar quietly releases 96 monks

Monday, 17 December , 2007

Yangon: Myanmar’s military regime has released from detention 96 monks who participated in September’s marches, permitting half of them to return to the Ngwekyaryan monastery in Yangon, sources said on Monday.

Authorities released the 96 monks, including Abbot Sayadaw U Yevada, last Friday from the Kaba Aye detention centre, where they had been kept since the government crackdown on monk-led protests September 26-27.

Some 50 monks were permitted to return to the Ngwekyaryan monastery in Yangon, but the other 46 were ordered to leave the city, said the sources, who visited the monastery over the weekend.

Myanmar’s monkhood, which has a long history of political activism, took the lead in organizing peaceful protests against drastic fuel hikes announced August 15 and the country’s deteriorating economic conditions.

The demonstrations culminated in ten-of-thousands taking to the streets of Yangon in increasingly aggressive protests against the military, which has ruled the country for the past 45 years.

The junta finally cracked down September 26-27 with batons and bullets, killing at least 15 people and imprisoning more than 3,000.

The actual death toll and the number of people still in prison remains a mystery in Myanmar. At a government press conference December 3 in Naypyitaw, the new administrative capital, Myanmar police chief Khin Yi claimed only 21 monks and 59 laymen remain in Myanmar jails on charges related to the protests.

Abbot Gambira, one of the top leaders of the monks’ movement, was recently sentenced to life imprisonment, according to a retired religious affairs ministry official who asked to remain anonymous.

http://sify.com/news/international/fullstory.php?id=14576730

Written by Lwin Aung Soe

December 21, 2007 at 2:53 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: