Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

(သီချင်း) အိမ်

leave a comment »

သီချင်းရေးစပ်သူအမည်၊ အဆိုတော်အမည် မသိရသေးတဲ့ သီချင်းတပုဒ်ကို မိတ်ဆွေတဦးထံက ရရှိပါတယ်။ သီချင်းပိုင်ဆိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ခွင့်တောင်းချင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ အကြောင်းတွေကြောင့်  ဒီနေရာကဘဲ ခွင့်တောင်းလိုက်ပါတယ်။

သီချင်းနားထောင်ရန်မှာ ညာဘက်ကော်လံရှိ “ နားထောင်ကြစို့ ” widget မှ  Home is a place…. ကို ကလစ်လုပ်ပါ။

ဒါမှမဟုတ်လည်း http://www.gcast.com/user/lwinaungsoe/podcast/main မှာ ရှာကြည့်လို့  ရနိုင်ပါတယ်။

..

………………..အိမ်…………………….

ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်

ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်။

အိမ်တအိမ်မှာ မှီတည်ရာ ဘာသာတရားတွေ

ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ

ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ

ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။

Cho: ကလေးလေးတွေ နွေးထွေးဖို့လေ

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်

ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်သဘက်ရယ်

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့

စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ့် ဆန်အရက်ရယ်။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်

လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်

ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်

ချစ်မိတ်ဆွေ စည်းချက်ညီ တူတူကမယ်။

Cho: ကလေးလေးတွေ နွေးထွေးဖို့လေ

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တအိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်

အဆောင်အယောင်တွေ မဆင်ယင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ

ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်။

တစ္ဆေတကောင်ဟာ ဟန်ဆောင်သလို မာယာကင်းမဲ့

မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့

ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ

တို့အိမ် ငါတို့အိမ်

ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ။

မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)  Fade out.

………………………

Written by Lwin Aung Soe

April 24, 2009 at 12:46 am

Posted in Song

Tagged with ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: