Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

၂ဝဝ၈ နာဂစ်မုန်တိုင်း တနှစ်ပြည့် ဆုတောင်းမေတ္တာပို့ ရေစက်ချ အမျှဝေပွဲ (တိုကျို၊ ဂျပန်)

leave a comment »

မြန်မာနိုင်ငံ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းက သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရသူတွေ၊ အိုးအိမ်မဲ့ဖြစ်ရသူတွေ၊ မိသားစုနဲ့ ကွဲကွာရသူတွေ၊ အကူအညီမဲ့ ဒုက္ခရောက်နေသူတွေအတွက် မုန်တိုင်းအပြီး တနှစ်ပြည့်မြောက်တဲ့ ၂-၅-၂ဝဝ၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုရှိ ကုလသမဂ္ဂ တက္ကသိုလ်ရှေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းမေတ္တာပို့ ရေစက်ချပွဲ ပြုလုပ်ပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ညီညီညွတ်ညွတ်နဲ့ စီစဉ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။  ဒီလှုပ်ရှားမှုမှာ ဂျာမနီမှာ နိုင်ငံရေး ခိုလှုံခွင့် ရထားတဲ့ ဗုဒ္ဓဘာသာ မြန်မာရဟန်း အရှင်သောပါကလည်း တက်ရောက်ပြီး ရေစက်ချ အမျှဝေ ဆုတောင်းပေးပါတယ်။

မြန်မာသတင်းဌာနနဲ့ NHK အပါအဝင် ဂျပန်သတင်းဌာနတချို့လည်း လာရောက် သတင်းယူကြပါတယ်။ ဂျပန်နိုင်ငံ Channel 6 (TBS)  က တီဗီ လာရိုက်ပြီး မိနစ်ပိုင်းအတွင်းမှာ ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။ကုလသမဂ္ဂ တက္ကသိုလ်ရှေ့မှာ Aoyama တက္ကသိုလ်လည်း ရှိနေတာဖြစ်လို့ ကျောင်းသူကျောင်းသားတွေသာမက လမ်းလျှောက်သွားလာနေကြတဲ့ ဂျပန်ပြည်သူတွေက စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။  မြန်မာလူမျိုးတွေ တွေ့ကြုံခံစားနေရတာတွေ၊ မြန်မာအစိုးရအာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို လက်တွေ့ သဘောပေါက်သွားခဲ့ကြပါတယ်။

ဒီကမ္ဘာကြီးမှာ လူသားတွေ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နေကြတာကို စာနာစိတ်နဲ့ ကူညီကြတာဟာ ဗြဟ္မစိုရ်တရားပါ။ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံမူတခုလည်း ဖြစ်ပါတယ်။ တကယ်လို့များ မြန်မာနိုင်ငံမှာ လူသားတွေရဲ့ ဒုက္ခတွေကို လွတ်လပ်စွာ ကူညီပိုင်ခွင့်သာ ရရှိနေမယ်ဆိုရင် ခံစားရသူတွေအတွက် ဘယ်လောက် ကောင်းလိမ့်မလဲ။

နာဂစ်မုန်တိုင်း ဒုက္ခတွင်းက ကယ်ဆယ် စောင့်ရှောက်ရေးလုပ်ငန်းတွေဟာ အခုအချိန် တနှစ်ပြည့်လာတာတောင် မပြီးဆုံးသေးပါဘူး။ ခေတ်မီတိုးတက်ပြီး ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့ ဒီကမ္ဘာကြီးမှာ အခုလို ဖြစ်နေတုန်းဘဲဆိုတာ ဘယ်လိုမှ မစဉ်းစားတတ်အောင်ပါဘဲ။  သေချာတာကတော့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေတုန်းဘဲလို့ သက်သေခံတာပါဘဲ။

အခုအချိန်မှာ ကိုယ်မခံရသေးလို့ ဥပေက္ခာ ပြုထားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဗြဟ္မစိုရ်တရား ကင်းမဲ့တာဟာ ဒီအတိုင်းထားရင် တချိန်မဟုတ် အခြားတချိန်မှာ ကိုယ့်ဆီကို ကူးစက်ကပ်ရောဂါကြီးတခုလို သေချာပေါက် ရောက်လာမှာဘဲ ဖြစ်ပါတယ်။ ဒါမျိုးတွေ ပပျောက်သွားအောင် နိုင်ငံ့အတိုင်းအတာအဆင့်နဲ့ တာဝန်ရှိသူတွေသာမက ပြည်သူတရပ်လုံးကပါ ဝိုင်းဝန်းကြိုးပမ်း ကူညီဖို့ လိုအပ်နေပါပြီ။

imgp0499

imgp0513

imgp0494

imgp05011

imgp0502

imgp0503

imgp0504

imgp0505

imgp0506

imgp0508

untitled-1

အရှင် သောပါကနှင့် ကျနော်

00000000

Written by Lwin Aung Soe

May 3, 2009 at 3:44 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: