Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ရွှေဂုံတိုင် ကြေငြာစာတမ်းအား ဂျပန်ရှိ မြန်မာတို့ ထောက်ခံ

leave a comment »

ရွှေဂုံတိုင် ကြေငြာစာတမ်းအား ဂျပန်ရှိ မြန်မာတို့ထောက်ခံ

တိုကျို၊ မေ(၁ဝ)
.
၂ဝ၁ဝ ရွှေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီအဖွဲ့ချုပ်(ဗဟို)မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် ရွှေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပေးရန် စသည့် ချွင်းချက်(၃)ခု ပါရှိသည့် ရွှေဂုံတိုင် ကြေငြာချက် စာတမ်းကို ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အင်းစုများမှ ထောက်ခံ ကြိုဆိုကြောင်း ပြသသည့် အခမ်းအနားတရပ်ကို ယနေ့နံနက် မနက်ပိုင်းတွင် တိုကျိုမြို့၊ အီကဲဘူးကူးရိုးရှိ ခန်းကိုးပလာဇာခန်းမ ၇ ထပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
.
”ရွှေဂုံတိုင်ကြေငြာစာတမ်းက လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေ၊ ထွက်ပေါက် အနေနဲ့ရော နောက် အနာဂါတ်မြန်မာနိုင်ငံကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အပြုသဘောဆောင်တဲ့ ကြေငြာစာတမ်းတခု ဖြစ်သလို ဒီပါတီရဲ့ အခြေခံမှုဝါဒတွေ၊ သဘောထားတွေကို ထင်ဟပ်တယ်၊ နောက် ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးတဲ့အတွက် ထောက်ခံတာပါ”ဟု အန်အယ်လ်ဒီ(ဂျပန်)၏ ဒု-ဥက္ကဋ္ဌဦးလှဟန်မှ ထောက်ခံရခြင်းအကြောင်းကို ပြောပြသည်။
.
(၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ”ဂန္ဓီကြေငြာစာတမ်း”ကိုထုတ်ပြန်ခဲ့ဖူးပြီး တောင်းဆိုချက်အပြင် ထူးခြားစွာဖြင့် နိုင်ငံရေးလမ်းညွန်ချက်များပါ ပါဝင်သည့် ယခုထုတ်ပြန်သည့်”ရွှေဂုံတိုင်ကြေငြာစာတမ်း”ဖြင့် ကြေငြာစာတမ်း(၂)ခုကို အန်အယ်လ်ဒီ အဖွဲ့ချုပ်အနေနှင့် သမိုင်းဝင် ထင်ထင်ရှားရှား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
.
”ရွှေးကောက်ပွဲဘဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့လိုချင်တဲ့ Multi-Democratic System ကို သွားတဲ့အခါ  Democratic Principle ကင်းမဲ့တဲ့ Condition အောက်မှာ ဘယ်လိုမှ လွတ်လပ်တဲ့အလုပ် မဖြစ်နိုင်ဘူး၊ အလားတူပါဘဲ Constitution အမှားအယွင်းရဲ့ နောက်မှာ ရွှေးကောက်ပွဲနဲ့ Democratic Principleကို မဖောက်ဆောင်နိုင်ပါဘူး”ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲမှ တက်ရောက်ပြောကြားသည်။
.
ဂျပန်ရှိ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းမှလည်း ”ဒီသမိုင်းဝင် ကြေငြာစာတမ်းတခုဟာ ကျနော်တို့ တကယ်ဘဲ ထောက်ခံဖို့သင့်သလားဆိုတာ ပြန်စဉ်းစားရအောင်၊ ဒီနေရာမှာ ကျနော်ထင်ပါတယ်၊ ဒီကြေငြာချက်ဟာ ပြည်သူလူထုနှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခံယူချက်၊ သဘောထားဖြစ်ချင်တဲ့ဆန္ဒကိုရောက်အောင် ပို့ပေးနိုင်သလားဆိုတာ စဉ်းစားရမယ်၊ အဲ့လိုသွားတဲ့နေရာမှာ လက်တွေ့မပါတဲ့ ဆန္ဒသက်သက်လားဆိုတာ စဉ်းစားရမယ်” ဟု၎င်း၏အမြင်ကို ရှင်းလင်ပြောပြသည်။
.
အဆိုပါ ထောက်ခံကြိုဆိုသည့် အခမ်းအနားကို ဂျပန်နိုင်ငံအခြေစိုက် NLD(LA-JB) မှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီအင်အားစု အစုံအလင် တက်ရောက် ထောက်ခံခဲ့ကြသည်။
.
ဂျပန်အစိုးရအပါအဝင် နိုင်ငံတကာရှိ အစိုးရများမှ နအဖစစ်အစိုးရအား လိုက်လျော ပူးပေါင်း ပါဝင်လာစေရေး ဖိအားပေးနိုင်ရန်အတွက် အလုပ်သဘောပါသည့် ကြေငြာစာတမ်းအခုကို ဂျပန်ရှိ တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်အတူ ယခု ကြေငြာစာတမ်း ထောက်ခံပွဲအပြီး၌ ပူးတွဲ ထုတ်ပြန်ခဲ့ကြကြောင်းလည်း သိရှိရသည်။
.
Reported by: Thant Myo Htway (Moe Thauk Kye)
.
Ko Hla Han.jpg
.
Ko Than Khe.jpg
.
Thaung Myint Oo and Thant Zin Oo.jpg
.
Poeple.jpg
…..
Source: email
.

Written by Lwin Aung Soe

May 10, 2009 at 5:43 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: