Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ (၁၈-၅-၂ဝဝ၉)

leave a comment »

အင်းစိန်ထောင်အတွင်း ဖမ်းဆီးစစ်ဆေးခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အခြားဘလော့များတွင် ဖော်ပြထားသော နောက်ဆုံးသတင်းများ

………………………………………………………………………………

မျိုးချစ် မြန်မာ ဘလော့ဂ်

Suu Kyi on trial (CNN)

မျိုးချစ် မြန်မာ ဘလော့ဂ်

ဓါတ်ပုံ   ယနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

..

ခေတ်ပြိုင်


နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။

အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။

(၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။

လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။

နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။

စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။

http://www.khitpyaingnews.org/news/May_09/18-5-09c.php

မျိုးချစ်မြန်မာ ဘလော့ဂ်

May 18th မနက်ပိုင်း အင်းစိန်ထောင်ရှေ့ အခြေအနေ

အင်းစိန် ကားလမ်းမမှာ ကားပေါ်က လူတွေကို တယောက်ချင်းစီစစ်နေတယ်။
သွားချင်ကြတဲ့ သူများကို ညွန်ကြားပေးပါ။ပြောပြပေးပါ။
အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တမှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို၇ပါတယ်နောက်တနေရာက မြို့သစ်ဈေးဘက်မှ တဆင့် မဟာမြိုင် ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ရပါတယ်ဗျို့

ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကား လည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ်

လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။
အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။ မီးပွိုင့်ကနေ ပိတ်ထားပါတယ်။ ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။
စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။
ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။
ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်

ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလား ထိုင် ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။
အင်းစိန် ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။
လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်။

ထောင် အာဏာ ပိုင်များက အင်းစိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။
ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။ အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။

ယခုအချိန်တွင်အန်တီအားအမှုစစစ်နေပါပီး ဖဲကြိုးအနက်လိုက်ဝေသောရွေပြည်သာ NLD မှကိုထွေးသိန်းဖမ်းခံရ ထောင်ထဲတွင် စတင် ဆူပူအော်နေသံများကြားနေပါသည်

မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။ အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
အင်းစိန်ထောင်ရှေ့ တွင် တိုက်ပွဲ စပါပြီ။ အခြေအနေ တစတစတင်းမာလာနေပြီဖြစ်ပါတယ်။ လှည်းတန်းတွင် ကျောင်းသားများ စတင်စုရုံးရောက်ရှိလာသဖြင့် ရဲ များချလာကြောင်း သိရပါတယ်။

သံရုံး ၈ ခုမှ ကားများ အင်စိန်ထောင် ဖက်သို့ ဝင်ရန် ရောက်လာနေပါပြီ။ ကားများကို အ၀င်မခံပဲ ပိတ်ထားသဖြင့် အချင်းများ လျက်ရှိနေ။

အင်းစိန်ထောင်တွင်းသို့ ဆရာကြီးဦးဝင်းတင် ဦးဆောင်သည့် အန်အယ်လ်ဒီလူငယ် ၁၀၀ ကျော် အတားအဆီးများကို ကျော်ဖြတ်ဝင်ရောက်သွားပြီ။ လုံခြုံရေးများနှင့် ပြဿနာ အကြီးအကျယ် တက်ပြီး ၀င်ရောက်ရခြင်းဖြစ်။

http://www.myochitmyanmar.org/

……

မဇ္ဈိမ

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် NLD ဥက္ကဌ ဒေါ်ခင်ဝိုင်း ကို ဆက်သွယ်မေးမြန်းချက်

တနင်္လာနေ့၊ မေလ 18 2009 17:40 – မြန်မာစံတော်ချိန်

“အန်တီတို့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ် အကျယ်ချုပ်ထားတဲ့ လူတယောက်ကို လွတ်ခါနီးပြီဆိုတော့ အကြောင်းမရှိ အကြောင်းရှာ လုပ်နေတာ။ နိုင်ငံခြားသားရဲ့ တာဝန်တာဖြစ်တယ်။ သူ့ကို အပြစ်ပေးသင့်တယ်။ သူက အရင်တခါ ဝင်ထားတယ်ဆိုတော့ နောက်တခါ ဝင်သွားဖို့ ဒီလိုအထပ်ထပ် လုံခြုံရေး ချထားတာတောင် ဝင်တာ၊ လုံခြုံရေးတွေ ပေါ့လျော့တဲ့အတွက်ကြောင့် ဖြစ်ရတာ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ကျစရာ အကြောင်း မရှိဘူး။”

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကနေ အင်းစိန်ကို ခေါ်သွားတယ်ဆိုကတည်းက ဒီက ပြည်သူတွေက လုံးဝ စိတ်မကောင်းကြဘူး။ စိတ်ဆင်းရဲသွားကြတယ်။ ဘယ်လိုပဲ တွေးတွေး ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ လူတွေဆိုတော့ တကယ်ပဲ ဝမ်းနည်း ယူကျုံးမရ ဖြစ်ရတယ်။ တချို့ဆို မျက်ရည်တောင် ကျမိကြတယ်လေ။”
————————–

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း

တနင်္လာနေ့၊ မေလ 18 2009 16:07 – မြန်မာစံတော်ချိန်

အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်သို့ ချိန်းဆိုလိုက်သည်။

ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရုံးချိန်းစတင်ခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ထမင်းစားချိန် ခေတ္တနားသည်။ မွန်းလွဲ ၃ နာရီ ခွဲတွင် အဆုံးသတ်ခဲ့သည်။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းရှိ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
————————–

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ စဉ်းစားနေပြီ

တနင်္လာနေ့၊ မေလ 18 2009 15:15 – မြန်မာစံတော်ချိန်

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။

“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။

ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများသည် ပြီးခဲ့သည့်နှစ် ဧပြီလမှသည် ၂ဝ၁ဝ ဧပြီလတိုင်အောင် စစ်အစိုးရ အကြီးတန်း ခေါင်းဆောင် ၅ဝဝ ခန့်နှင့် သူတို့၏ ဆွေမျိုးများ အပါအဝင် စစ်အစိုးရနှင့် ပေါင်းကာ စီးပွား ဖြစ်ထွန်းနေသူ လုပ်ငန်းရှင် ၈ဝ ခန့်ကို တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။
————————–

ဦးဥာဏ်ဝင်းနှင့် ရှေ့နေများ ပြန်ထွက်လာ

တနင်္လာနေ့၊ မေလ 18 2009 14:50 – မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။

ထောင်အနီး စောင့်ဆိုင်းကြသော လူအများအပြားလည်း လူစုခွဲမှု စတင် ပြုလုပ်နေကြောငfး သိရှိရသည်။
————————–

အင်းစိန်ထောင်ရှေ့ အခြေအနေ

တနင်္လာနေ့၊ မေလ 18 2009 14:00 – မြန်မာစံတော်ချိန်

နောက်ဆုံး ရရှိသော သတင်းအရ အင်းစိန်ထောင်အနီး ရဲ၊ စွမ်းအားရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ များပြားနေဆဲ ဖြစ်သည်။

“အခုထိတော့ ဘာမှ မထူးသေးဘူး။ အင်းစိန်ထဲကို ယင်ကောင်တောင် ဝင်လို့မရဘူး။ ဘယ်လူငယ်မှ မဝင်ပါဘူး။ မနက်ကတည်းက အင်းစိန်ထောင်ရှေ့ ရောက်နေတော့ မြို့ထဲ အခြေအနေ မသိသေးဘူး။ ” ဟု အခြေအနေကို စောင့်ကြည့်နေသူ တဦးက ပြောသည်။

“အင်းစိန်ထောင်ရှေ့ အခြေအနေကတော့ ဒီအတိုင်းဘဲ။ ထိုင်စောင့် နေကြတယ်။ လူအင်အား ကတော့ တဖြည်းဖြည်း များလာတယ်။ ပြည်သူတွေပါ ရောက်လာတာကိုး။ လူအင်အားကတော့ များလာတယ်။ များလာပေမယ့် ပုံမှန်အတိုင်းဘဲ ထိုင်စောင့်နေတယ်။ ” ဟု သူက ပြောသည်။

“သတင်းထောက်တွေလည်း ရောက်နေတယ်။ လာပေမယ့် သူတို့လည်း ဘာမှ မသိဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ်မှဘဲ သူတို့လည်း မေးလို့ မြန်းလို့ ရမယ်။ အခုအချိန်ကတော့ ဘယ်သူ့မှ မေးလို့ မရဘူး။”
————————–

မိတ္ထီလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဆက်သွယ်မေးမြန်းချက်

တနင်္လာနေ့၊ မေလ 18 2009 13:30 – မြန်မာစံတော်ချိန်

“နအဖက တရားဥပဒေနဲ့ တရားရုံးနဲ့ဖြစ်ဖြစ် လုပ်နေတာက သူတို့ သွားနေတဲ့ လမ်းကြောင်း ပေါ့နော်။ ဒီနေရာမှာ ရှေ့နေ ဦးကြည်ဝင်း တယောက်အနေနဲ့ ပြန်ပြီး ခုခံတယ်ဆိုတဲ့ အပေါ်မှာ ကျမတို့ အဖွဲ့ချုပ်ကနေ မြင်တာကတော့ အစကတည်းကနေ မတရားတဲ့ ကိစ္စဘဲလေ။ သူရှေ့ကသွား ကိုယ်က နောက်က လိုက်ရမဲ့ ပုံစံမျိုးပေါ့နော်။ မတရားသက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်ပေါ့နော်။ မျော်လဲ မမျော်လင့်ကြဘူးပေါ့နော်။ မမြင်ရတဲ့ ကိစ္စမိုလို့ မမျော်လင့်ဘူးလို့ပြောရတာ ယုံကြည်မှုကတော့ လုံးဝကို မရှိသလောက် ဖြစ်နေတာပါ”

“အန်အယ်ဒီအနေနဲ့ကတော့ အင်မတန်ပျော့ပြောင်းတဲ့ နိုင်ငံရေး လမ်းကြောင်းကို့ ပြီးခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာ စာတမ်းလိုဘဲ ထုတ်ပြန်ထားပြီးပြီ တဘက်ကလဲ လက်မခံဘူးဆိုတာ ပေါ်လွင်နေပြီ၊ မတရားလုပ်တဲ့ ကိစ္စဟာ လုပ်ကို မလုပ်သင့်တဲ့ ကိစ္စပါ။ အဖွဲ့ချုပ်အနေနဲ့က ဘယ်လမ်းကြောင်းကိုရွေးမလဲ ။ ကိုယ့်ရဲ့ခေါင်းဆောင်လွတ်လပ်မှုမရှိတဲ့ အပေါ်မှာ မတရားတဲ့နည်းနဲ့ အထိမ်းသိမ်းခံထားရတဲ့ လူတစ်ယောက်ကို ဖောက်ဖျတ်ကျူးလွန်တယ်ဆိုပြီးတော့ တရားစွဲဆိုတာ လုပ်ကိုမလုပ်သင့်တဲ့ အလုပ်တခုပါ။ နအဖမှာတော့ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး သူတို့ကတော့ ရက်စက်မှာဘဲ ယုတ်မာမှာဘဲ မတရားတဲ့ အမှုကိုလည်း မျက်ကွယ်ပြုပြီး တရားတဲ့ ပုံစံမျိုးနဲ့လုပ်နေတာ ဒါကြီးကို ကျမတို့ အနေနဲ့လည်း နောက်ကနေပြီးတော့ ဒါမဟုတ်ပါဘူးလို့ ဖြေရှင်းရတာမျိုးတက်ပေါ့နော် ရှေ့နေအနဲ့တော့ လုပ်သင့်တာ လုပ်မှာပါဘဲ”

“ကျမတို့ဟာ လူထုကို ဘယ်လိုဦးဆောင်မလဲ ဘယ်လမ်းကြောင်းကိုရွေးမလဲ လူငယ်တွေ ဟိုတစ်စု ဒီတစ်စုနဲ့ ထပ်အဖမ်းခံရတာကို မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့လဲ ကျမတို့အနေနဲ့ စဉ်စားနေတယ် ဗဟိုကို တော့ အားမရတာလည်းအမှန်ဘဲ။ သူတို့မလုပ်ခဲ့လည်း လူထုက ထပေါက်ကွဲလာနိုင်တယ်။ အန်တီစုလွတ်ဖို့ကို တအားမျော်လင့်တယ်”

“NLD မပါဘဲနဲ့လည်း ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး ဒါပေမဲ့လည်းအစိုးရက NLD ပါ ပါ မပါပါ တိုင်းရင်းသားတွေနဲ့ ကျင်းပမှာဘဲ”

“နအဖ အနေဖြင့် NLD မပါဘဲ မရရအောင်လျောက်မယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးချယ် သွားခဲ့မယ်ဆိုရင်  တိုင်းပြည်ကငြိမ်သက်မှာ မဟုတ်ဘဲ လူထုကပေါက်ကွဲလာနိုင်တယ် အဲဒီအချိန်မှာ NLD ကလည်းနောက်ကချန်မနေဘဲနဲ့ ငြိမ်းချမ်းသောနည်းနဲ့ လူထုကို ဦးဆောင်စေချင်တယ်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် – လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်

တနင်္လာနေ့၊ မေလ 18 2009 13:30 – မြန်မာစံတော်ချိန်

“ကျနော် ကြားသလောက်ကတော့ ဗြိတိသျ သံရုံးက အင်းစိန်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ ဗြိတိန် သံရုံးကိုတော့ ခွင့်မပြုဘူး။ အပြင်မှာ လူ ၃၀၀၀ လောက် ရှိနေတယ်လို့ ကြားတယ်။ ဒါပေမယ့် စစ်တယ်ဆိုတာ ဘာမှလဲသိလို့ မရဘူး။ NLD အောက်ခြေ ကတော့ ပေါက်ကွဲနေပြီလေ။ ပေါက်ကွဲတယ်ဆိုတော့ အခြေအနေကတော့ နည်းနည်း တင်းမာတယ်။ နအဖ က မြန်မြန် ဒီအမှုကို ပြီးချင်တယ်လို့ ကျနော်တို့ ကြားတယ်။ ပြီးချင်တယ်ဆိုတော့ မြန်မြန် ထောင်ချမယ်ပေါ့နော်။ ”

“အဲတော့ ကြည့်ရတာ နှစ်ဖက်ရဲ့ Tension ကတော့ မြင့်လာတယ်ပေါ့နော်။ လောလောဆယ်ကတော့ သူတို့ ပိတ်ဆို့မှုတွေ လုပ်နေတယ်။ လူတွေကတော့ သိချင်တဲ့ လူတွေလည်းပါတယ်။ နောက်ပြီတော့ အခြေအနေအရ ဒီပေါ်မှာ ဆန္ဒပြချင်တဲ့သူတွေလဲ ရှိလိမ့်မယ်။”

“ဒေါက်တာ တင်မျိုးဝင်းကတော့ သူရဲ့ ကျန်းမာရေး အရ လုပ်တယ်ဆိုတာဘဲ ရှိပါတယ်။ ဆရာ တင်မျိုးဝင်း အနေနဲ့ကတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။”
————————–

ဂျကာတာရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ

တနင်္လာနေ့၊ မေလ 18 2009 12:21 – မြန်မာစံတော်ချိန်

ဂျကာတာ (မဇ္ဈိမ)။     ။ အင်ဒိုနီးရှား တတ်ကြွလှုပ်ရှားသူ ၁၅ ဦးသည် မြို့တော် ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် တင်္နလာနေ့နံနက်က ကန့်ကွက် ဆန္ဒပြကြပြီး မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။

“မြန်မာ စစ်အစိုးရ အနေနဲ့ အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သော မြန်မာနိုင်ငံအတွက် သွေးစည်းညီညွတ်သည့် အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းများ အဖွဲ့ဝင် Swan Paru က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချသောအားဖြင့် “မြန်မာနိုင်ငံအတွက် ကမ္ဘာတဝှမ်းလှုပ်ရှားမှု” အစီအစဉ်အရ ကမ္ဘာတလွှားတွင် ကန့်ကွက်ဆန္ဒပြရန် တက်ကြွ လှုပ်ရှားသူများက ဆော်သြထားသည်။
————————–

နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု

တနင်္လာနေ့၊ မေလ 18 2009 11:50 – မြန်မာစံတော်ချိန်

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
————————–

ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ

တနင်္လာနေ့၊ မေလ 18 2009 11:40 – မြန်မာစံတော်ချိန်

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
————————–

တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်

တနင်္လာနေ့၊ မေလ 18 2009 11:25 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
————————–

စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ

တနင်္လာနေ့၊ မေလ 18 2009 11:15 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
————————–

လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့

တနင်္လာနေ့၊ မေလ 18 2009 10:01 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။

ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။
————————–

ယက်တောကို စိတ္တဇဆေးရုံ ပို့သင့်ဟု ကေအန်ယူပြောကြား

တနင်္လာနေ့၊ မေလ 18 2009 10:00 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။  ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သူ အမေရိကန် နိုင်ငံသားကို စိတ္တဇဆေးရုံသို့ ပို့ဆောင်မည့်အစား စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်ကို ဆက်လက် ဖမ်းဆီးထားနိုင်ရေး လုပ်ကြံ အကွက်ဆင်ခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံးက ပြောကြားလိုက်သည်။

ဂျွန် ဝီလီယံ ယက်တောသည် စိတ်မနှံ့သူ ဖြစ်သည်မှာ ထင်ရှားကြောင်းနှင့် သူ့ကို ဆေးရုံပို့ ကုသကာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ပိုမို ဂရုစိုက် လုပ်သင့်သည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကေအန်ယူက ယန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း နအဖအနေဖြင့် အမုန်းတရား လွှမ်းမိုးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလများအထိ ချုပ်နှောင်ထားနိုင်ရန် အကွက်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်အစိုးရသည် အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ လုပ်ဆောင်လိုစိတ် မရှိသေးကြောင်းလည်း ပါရှိသည်။
————————–

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အကြို အင်းစိန်တွင် လမ်းပိတ်ပြီ

တနင်္လာနေ့၊ မေလ 18 2009 09:08 – မြန်မာစံတော်ချိန်

ယနေ့ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်အတွင်း ပြုလုပ်မည့် တရားခွင် မတိုင်မီ စစ်အစိုးရက လူအများ စုဝေးနိုင်ခြင်း မရှိအောင် လက်နက်ကိုင် စစ်သားများ၊ သံဆူးကြိုးများ အသုံးပြု လုပ်ဆောင်လျက် ရှိသည်။

အင်းစိန်ထောင်ရှေ့ လမ်းမကြီး တလျောက်လုံးကို လည်စည်းအနီဝတ် လက်နက်ကိုင် စစ်သားများဖြင့် ပိတ်ဆို့ထားလိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းမြှောင် လမ်းငယ်များတွင်လည်း လုံခြုံရေးများဖြင့် ပြည့်နေသည်။

စက်တင်ဘာ လူထုအုံကြွမှုက ပြုလုပ်သကဲ့သို့ လူစုလူဝေးဖြစ်ပါက ဖမ်းဆီး ဆွဲတင်ရန် စွမ်းအားရှင်များနှင့် ဒိုင်နာကားများကို အသင့်ခေါ်ယူထားသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/2973-2009-05-18-02-52-50.html

Written by Lwin Aung Soe

May 18, 2009 at 8:40 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: