Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

မြန်မာ့အရေး ဘာတွေတွေးလို့ ဘာတွေလုပ်ကြမလဲ

with 2 comments

RW1RW2RW3RW4RW5aRW6RW7RW8

Download here

..

Written by Lwin Aung Soe

September 2, 2009 at 4:18 am

2 Responses

Subscribe to comments with RSS.

  1. သုံးသပ်တင်ပြတာကတော့ ကျေးဇူးပါ။
    ပြောရမှာ အားတော့နာပါတယ်ဗျာ။ ခင်ဗျားဟာက ဓါတ်ပြားဟောင်း ပြန်ဖွင့်ပြတာနဲ့ အတူတူပါဘဲ။ နောက် နှစ်၂၀ ထပ်ကြာမဲ့ ရှေ့လုပ်ငန်းစဉ်ပါ။
    စစ်အစိုးရအနေနဲ့ကတော့ ဘယ်သူဘာပြောပြောသူ့အခြေခံဥပဒေကိုတောင် အတည်ပြုခဲ့ပြီ။ မကြာခင်မှာ ရွေးကောက်ပွဲလုပ်တော့မယ်။ ကုလသမဂ္ဂကလည်း ၁၉၉၆ လောက်ကတည်းက ဝါနိုင်ပေးတာ သတိပေးတာ မေတ္တာရပ်ခံတာ ရှုံ့ချ တာ .. အို.. အစုံ ပါဘဲ နှစ်တိုင်းလုပ်ပါတယ်။ အနောက်နိုင်ငံတွေကလည်း စီးပွား ရေးပိတ်ဆို့တာတွေ လုပ်နေတာဘဲ။ အခုနောက်ဆုံးတော့ ဗန်ကီမွန်းကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲ အားပေးလာတယ်။ အမေရိကန်တောင်မှဘဲ အမတ်ကြီး သွားပြီးတဲ့နောက်ပိုင်း နဲနဲလေသံပြော့လာ သလိုဘဲ။ ပြည်တွင်းက တချို့ နိုင်ငံရေး သမားဟောင်ကြီးများ ကတောင် ရွေးကောက်ပွဲကိုတာစူလာတယ်။ တချို့ကလည်း ပူးတိုက်ဆိုလား အဲဒါအား သံလာပုံရတယ်။ ပြည်ပက တချို့ကတောင်မှ ရွေး ကောက်ပွဲဘက်ယိုင်တိုင်တိုင်ပါ။
    ဒီအခြေအနေ အောက်မှာ ခင်ဗျား ရှေးဟောင်းရှေ့လုပ်ငန်းစဉ်က အလုပ်ဖြစ်မှာ မ ဟုတ်ဘူး နည်းနာ အသစ်ရှာဖွေသင့်ကြောင်းပါ။

    Win Maung

    September 4, 2009 at 6:58 pm

  2. ဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်မဆုံးပါ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲလာတွေအပေါ်မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ စိတ်တွေ ဇဝေဇဝါဖြစ်ပြီး လှုပ်ရှားမှု အရှိန်တွေ ကျလာမှာထက်စာရင် ပုံမှန်အတိုင်း ဆက်လှုပ်ရှားနေတာ၊ အရှိန်အဟုန် ထပ်မြှင့်တင်တာတွေဟာ တော်လှန်ရေး ရေစီကြောင်းတခုကို ဆက်လက် စီးဆင်းစေနိုင်ပါတယ်။ ရှစ်လေးလုံးစိတ်ဓါတ်ကို ဆက်လက် ထိန်းသိမ်း လက်ဆင့်ကမ်းပေးနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုကို အမြဲရနေပြီး နအဖကို တနည်းတဖုံ ဖိအားပေးနိုင်မယ့် လမ်းစကောင်းတွေ ရှိလာနိုင်ပါတယ်။ တလုံးတည်းသော အနိုင်ဂိုး ရဖို့အတွက် မိနစ် (၉ဝ)လုံးလုံး ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်နေတဲ့ ဘော်လုံးပွဲသဘောမျိုးပါ။ ဂိုးမရသေးရင်တောင် ပြိုင်ဘက်အသင်းကို ခံစစ်မှာဘဲ အချိန်ကုန် ပင်ပန်း အလုပ်ရှုပ်နေအောင် လုပ်ထားရပါမယ်။

    အမှန်တကယ်မှာတော့ ပြည်ပကဏ္ဍအနေနဲ့ မြန်မာ့အရေး မဟာဗျူဟာတရပ်ကို တညီတညွတ်တည်း ဝိုင်းဝန်း လုပ်ဆောင်နိုင်ဖို့ အခြေအနေကို ရောက်မလာသေးပါဘူး။ ကျနော်တို့ မြန်မာတွေအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတာကို ဝန်ခံနိုင်ပါတယ်။ ဒီလိုအားနည်းတာတွေဟာ ပြိုင်ဘက်ရဲ့ တန်ပြန် ထိုးနှက်မှုကို ခံနေရလို့ ဖြစ်ပါတယ်။

    နည်းဗျူဟာသစ် မဟုတ်ပေမယ့် အိုင်စီစီကို နမူနာအဖြစ် တင်ပြထားပါတယ်။ အရင်ကြိုးပမ်းမှုတွေ ရှိခဲ့တာကို အခြေခံပြီး အားဖြည့်ပေးတာတွေ ရှိလာရင် တိုက်ကွက်သစ်တခု ဖြစ်လာနိုင်ပါတယ်။ ဒိလိုဘဲ အိုင်အယ်လ်အို အစရှိတဲ့ အခြားဖြစ်နိုင်စရာတွေကို ကြံဆလုပ်ကိုင်လာနိုင်ဖို့ ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

    ကျနော်တို့အားလုံးဟာ အချိန်ဘယ်လောက်ကြာသည်ဖြစ်ဖြစ် လှုပ်ရှားရင်းနဲ့ဘဲ တိုးတက်ကောင်းမွန်အောင် မိမိကိုယ်ကို ပြုပြင်အားဖြည့်ပေးလာနိုင်စရာ ရှိပါတယ်။ ပြည်ပလှုပ်ရှားမှုဟာ မိမိအားသန်ရာ ကဏ္ဍတွေကနေ ပြည်တွင်းလှုပ်ရှားမှုကို အလွန်ဆုံး တနည်းနည်းနဲ့ ပံ့ပိုးကူညီနိုင်ဖို့သာ ဖြစ်ပြီး ပြည်တွင်းလှုပ်ရှားမှုကသာလျှင် အဓိကအကျဆုံး ဖြစ်ပါတယ်။ ပြည်တွင်းအတွက် “လူထုအကျိုးပြု နိုင်ငံရေးလမ်းကြောင်းသစ် ဖော်ဆောင်နိုင်မှသာ” ဆိုပြီး နည်းလမ်းတခုကို အရိပ်အမြွက် တင်ပြထားပါတယ်။ ထပ်မံ ဝေဖန်အကြံပြုဖို့လည်း မေတ္တာရပ်ခံပါတယ်။

    Lwin Aung Soe

    September 5, 2009 at 1:02 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: