Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for the ‘တပ်လှန့် နိုးဆော်သံ’ Category

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်

with one comment

Download Word – here

Download PDF – here

သမတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားလွှာ လက်မှတ်ရေးထိုး လှုပ်ရှားမှု (Online campaign)

leave a comment »

မိုးမခမှ အပြည့်အစုံ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ သူငယ်ချင်း မိတ်ဆွေများထံ တဆင့် ပို့ပေးခြင်းဖြင့်၎င်း (Online campaign) တွင် ပါဝင်လှုပ်ရှားကြပါ။

မူရင်း Link – https://spreadsheets.google.com/spreadsheet/viewform?formkey=dDFSblM2aVB5Y0lMbkwwc05BM2Z1Mmc6MQ

Please Join the Signature Campaign of Burma – starting 17th April 2011

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ္ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည်လက်ခံထားကြတဲ့အတွက်လည်း၊ မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်း ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ဆက်နွယ်နေပါတယ်။ မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။ ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဒီ မေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။ သင်လည်းပဲ မြန်မာပြည်သားတဦးအဖြစ် လက်တွဲပါ။ လက်မှတ်များကို စုစည်းပြီး မြန်မာပြည်က အင်န်အယ်ဒီရုံးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများထံ တင်ပို့ပေးမည်။ မိုးမခမီဒီယာက သည်ဖောင်ကို စမ်းသပ်ပြီး မျှဝေပါတယ်။

မူရင်း ပန်ကြားလွှာ ဖိုင် – download –  BurmaSignatureCampaign2011

Written by Lwin Aung Soe

May 3, 2011 at 6:21 pm

၂ဝ၁ဝ ရွေးကောက်ပွဲကို တကမ္ဘာလုံး ဝိုင်းဝန်း သပိတ်မှောက်ကြစို့

leave a comment »

Written by Lwin Aung Soe

October 2, 2010 at 9:19 am

တရုတ်သံရုံးရှေ့တွေမှာ ဆန္ဒပြကြဖို့၊ တရုတ်သံအမတ်တွေဆီကို စာရေးသား တိုက်တွန်းကြဖို့

leave a comment »

ဂျပန်မှ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုပ်ပြည် ခရီးစဉ်နဲ့ ပတ်သက်လို့  တိုကျို က တရုတ်သံရုံးရှေ့မှာ နှစ်ရက်ဆက်တိုက် ဆန္ဒပြပါတော့မယ်။ ပြည်ပက မြန်မာ့ဒီမိုကရေစီ အင်အားစုများအနေနဲ့ မိမိတို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရုတ်သံရုံးရှေ့တွေမှာ ဆန္ဒပြကြဖို့၊ တရုတ်သံအမတ်တွေဆီကို စာရေးသား တိုက်တွန်းကြဖို့  နှိုးဆော်လိုက်ပါတယ်။

…………………

မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုကျိုရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း

သို့

မြန်မာ့ဒီမိုကရေစီ အင်အားစုများ ခင်ဗျား

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့ထိ တရားဝင် သွားရောက် လည်ပတ်ပါတော့မည်။ အဆိုပါ ခရီးစဉ်သည် ၎င်း၏ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် တရားမျှတမှု မရှိပဲ၊ ဒီမိုကရေစီ စံနှုန်းများဖြင့် မကိုက်ညီပဲ ကလိန်ကကျစ် နည်းလမ်း များဖြင့် ကျင်းပရန် စိုင်းပြင်းနေသော ၂ဝ၁ဝ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်အား တရုတ်နိုင်ငံမှ အကာအကွယ်ပေးနိုင်ရေးအတွက် ကောက်ကျစ်စဉ်းလဲစွာ ကြိုးပမ်းနေသည်မှာ အငြင်းပွားဖွယ် မရှိဟု ယူဆပါသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ရသည့် နိုင်ငံဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အရေး၌ နိုင်ငံတကာနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီလိုလားသော ဆန္ဒများကိုပင် ပြောင်ပြောင် တင်းတင်း ငြင်းပယ်၍ နအဖ စစ်အစိုးရအား အကာအကွယ်ပေးသည့် အစဉ်အလာများ ရှိနေခဲ့သည်မှာ တကမ္ဘာလုံးအသိ ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးနေသော စီးပွားရေးကို စိတ်ချလက်ချ ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည်ဟု မကြာသေးမီက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်မှ တရားဝင် ထုတ်ဖော် ပြောဆိုသော်လည်း ယခင် အစဉ်အလာများအတိုင်း မြန်မာစစ်အာဏာရှင်တို့အား လုံခြုံရေး ကောင်စီမှသော်၎င်း၊ အခြားသော သံတမန်ရေးနှင့်  စီးပွားရေး အကူအညီအားဖြင့်သော်၎င်း ဆက်လက် အကာအကွယ်ပေးနေဦးမည် ဆိုလျှင် ဒေသန္တာရ နိုင်ငံရေးအားဖြင့် မြန်မာ့ဒီမိုကရေစီအရေးမှာ အောင်မြင်ဖို့ အခက်အခဲများစွာ ရှိနိုင်ပါသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော စစ်အစိုးရ အား ဆက်လက် အားပေး ကူညီခြင်း မပြုတော့ရန်၊ မြန်မာ့ဒီမိုကရေစီအရေးတွင် နိုင်ငံတကာနှင့်အတူ လက်တွဲ၍ စစ်အစိုးရအား ဖိအားပေးရန် ကျွန်ုပ်တို့မှ တိုက်တွန်းတောင်းဆိုမည့် နိုင်ငံရေး လှုပ်ရှားမှုတခုကို အောက်ပါ အစီအစဉ်အတိုင်း စနစ်တကျ ဆင်နွှဲမည် ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အစွမ်းကုန် တက်ကြွစွာ ပူးပေါင်းကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

နေ့ရက် ၇-၉-၂ဝ၁ဝ (အင်္ဂါနေ့) အစီအစဉ် – ဆန္ဒပြခြင်း
၈-၉-၂ဝ၁ဝ (ဗုဒ္ဓဟူးနေ့) အစီအစဉ် (၁) – ဆန္ဒပြခြင်း

အစီအစဉ် (၂) – ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ တရုတ်သံအမတ်ကြီးထံ လိပ်မူထားသောစာကို ပေးအပ်ပါမည်။

အချိန် ညနေ ၃ နာရီမှ ၄ နာရီထိ
နေရာ တရုတ်သံရုံးရှေ့၊ တိုကျို၊ ဂျပန်
လိပ်စာ Embassy of the People’s Republic of China

4-33, Minato-Azabu 3 Chome, Minato-ku, Tokyo (106—0046)

မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ တရုတ်သံရုံးရှေ့

လှုပ်ရှားမှု တာဝန်ခံ (နှစ်ရက်စလုံး)

ကိုမိုင်ကျော်ဦး

(ဆက်သွယ်ရန် ဖုန်း – 090-9831-7192)

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

မြေပုံ အညွှန်း

HIBIYA LINE စီးလျှင် HIROO (ဟီရိုးအို) ဘူတာတွင် ဆင်း၍ ထွက်ပေါက် (၃) မှ ထွက်ပါ။

Download file – Invitation to join a demo in front of CH embassy

Written by Lwin Aung Soe

September 5, 2010 at 5:41 pm

၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ ပညာပေး ဘလော့ဂ် စဖွင့်လိုက်ပါပြီ

with 2 comments

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ (နားထောင်ကြပါ)

leave a comment »

ဥသြသံနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ (KoMyoe ဒီဇိုင်း ကိုမျိုး ဆီမှ ကူးယူဖော်ပြသည်)

..

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို နားထောင်ကြပါ။ တိုင်းပြည်ကို ချစ်ရင်၊ ဗိုလ်ချုပ်ကို လေးစားရင်၊ အများပြည်သူတွေရဲ့ ကောင်းကျိုး လုပ်ပေးရတာကို မြတ်နိုးတယ်ဆိုရင်၊ ပြီးတော့ မိမိကိုယ်ကို တန်ဖိုးမြှင့်ချင်တယ်ဆိုရင်

ဗိုလ်ချုပ် လမ်းညွှန်ချက်တွေကို လေးစားလိုက်နာကြပါ။ ဗိုလ်ချုပ်ရဲ့ သြဝါဒတွေလောက် ရှင်းရှင်းလင်းလင်းနဲ့ ကောင်းတာ၊ ပြည့်စုံတာ မရှိပါ။
(My facebook comment )

အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို

leave a comment »

နိရဉ္စရာမှ အပြည့်အစုံ ကူးယူ ဖော်ပြသည်။

အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို

ဘုန်းစည်သူ
ဧပြီ၂၁ ရက်နေ့ ညနေ ၇ နာရီခွဲခန့်မှာ စစ်တွေ ကုန်တန်းရပ်ကွက်က အမျိုးသမီး ၃၀ဝ ခန့်ဟာ လမ်းပေါ်ကို ထွက်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကုန်တန်းရပ်ကွက်မှာ လျှပ်စစ်မီးမရတာ လေးလနီးပါးရှိနေပြီဖြစ်ပေမယ့်လည်း လစဉ်မီတာခနဲ့ မီတာအိုးစောင့်ရှောက်ခကို သက်ဆိုင်ရာက ပုံမှန် ကောက်ခံတာကို မကျေနပ်ရာကနေ ခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီး ၇၀ ခန့်ကစတင်ပြီး ရပ်ကွက် ရယကရုံးကို ချီတက်ဆန္ဒပြခဲ့ကြသလို ကုန်တန်းရပ်ကွက်ကို မီးပေး ဝေနေတဲ့ စပါးခွံသုံးမီးစက်ရှေ့ကို သွားရောက်ပီးတော့လည်း ဆန္ဒပြခဲ့ကြပါတယ်။ ခုလို မီးရရှိရေးအတွက် ဆန္ဒပြတဲ့အပေါ် ရပ်ကွက်နေ တခြားအမျိုးသမီးတွေကလည်း ထောက်ခံပီး ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်လာတဲ့ အတွက် အမျိုးသမီး ၃၀ဝ ခန့်ထိ ဖြစ်လာတယ်လို့ဆိုပါတယ်။ တခြား ဘေးလူတွေနဲ့ဆိုရင် လူပေါင်း ၅၀ဝ နီးပါးဖြစ်လာပြီး ကုန်တန်းလမ်းတလျှောက် လူတွေပြည့်သွားတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေက “ မီးရရှိရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ လည်း သိရပါတယ်၊ ခုလို လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုတာကို အထက်အာဏာပိုင်တွေ သိသွား တဲ့အတွက် ဒကစမှူးကိုယ်တိုင် တခြားပြည်နယ်အဆင့်ဆိုင်ရာ အရာရှိကြီးတွေနဲ့ ရောက်လာပီး ဆန္ဒပြပွဲကို ရပ်တန့်ဖို့ အမျိုးသမီးတွေကို မေတ္တာရပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေက သူတို့ ခုလိုဆန္ဒပြရတာဟာ နိုင်ငံရေးနဲ့မသက်ဆိုင်သလို အစိုးရကို ဆန့်ကျင်တာမဟုတ်ဘဲ မီးမရတဲ့အတွက် မီးရရှိရေးကို တောင်းဆိုတာသာဖြစ်တယ်လို့ ပြောဆိုလိုက်တယ်လို့သိရပါတယ်။ လျှပ်စစ်မီး သာ သူတို့ရပ်ကွက်မှာ ရမယ်ဆိုရင် သူတို့အနေနဲ့ ဆန္ဒပြပွဲကို ခုချက်ချင်း ရပ်တန့်ပေးမှာဖြစ်တယ်လို့ ပြော ဆိုခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကလည်း နောက်တစ်နေ့ကစပြီး လျှပ်စစ်မီးရရှိစေရပါ့မယ်လို့ အာမခံတဲ့ အတွက် အမျိုးသမီးတွေဟာ ည ၁၀ နာရီခန့်မှာ ဆန္ဒပြတာကို ရပ်တန့်လိုက်တယ်လို့သိရပါတယ်။

ခုလို တောင်းဆိုတဲ့အတွက် နောက်တစ်နေ့မှာ ကုန်တန်းရပ်ကွက်ကို သက်ဆိုင်ရာက လျှပ်စစ်မီးပေးဝေခဲ့ တယ်လို့သိရပါတယ်။ ခုလိုဆန္ဒပြတောင်းဆိုတဲ့အတွက် အမျိုးသမီးတစ်ဉီးတစ်ယောက်ကိုလည်း သက်ဆိုင် ရာက ဖမ်းဆီးတာတွေ မရှိခဲ့ပါဘူး။ ခုလို ဆန္ဒပြတောင်းဆိုတဲ့အတွက် ကုန်တန်းရပ်ကွက်မှာ လျှပ်စစ်မီး ရရှိခဲ့တဲ့အပေါ် ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေအနေနဲ့ ဂုဏ်ယူခဲ့ကြတယ်လို့သိရပါတယ်။

တကယ်တော့ အခု လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြမှုဟာ အစိုးရကိုဆန့်ကျင်တာမဟုတ်သလို နိုင်ငံရေးနဲ့ လည်း ဆက်နွယ်ပတ်သက်တာ မဟုတ်တဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း တစ်စုံတစ်ရာ အရေးယူ မှုမရှိဘဲ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေတောင်းဆိုမှုကို လိုက်လျောပေးလိုက်တာ ဖြစ်ပါတယ်။ ခုလို ဆန္ဒပြတောင်းဆိုမှုဟာ တခြားဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အသေးအမွှားလုပ်ရပ် ဖြစ်ပေမယ့် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်နဲ့ ဓါးမိုး အုပ်ချုပ်နေတဲ့နိုင်ငံတွေမှာ တကယ့်ကို မလွယ်ကူတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိမိတို့ရဲ့ နစ်နာချက်နဲ့ လိုလားချက်ကို ခုလို လမ်းပေါ်ထွက်တောင်းဆိုမှုမလုပ်ရင် ကုန်တန်းရပ်ကွက်အနေနဲ့ လျှပ်စစ်မီးရရှိလာနိုင်စရာအကြောင်းမရှိပါ။ ဒါကြောင့် တခါတခါ ပြည်သူတွေရဲ့ နစ်နာချက်တွေ လိုအပ်ချက်တွေကို အကြောက်တရားတွေကို ဘေးဖယ်ပီး ပြည်သူလူထုအနေနဲ့ တောင်းဆို သွားဖို့ လိုအပ်လှပါတယ်။

တောင်းဆိုတဲ့နေရာမှာလည်း စည်းကမ်းရှိရှိနဲ့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်ကို ရရှိအောင် ဆောင်ရွက်သွားဖို့ လိုအပ်လှပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လမ်းတွေသွားလာလို့မရအောင် ပျက်စီးနေတာတွေကို စစ်တွေလူထုက လမ်းပေါ်ထွက် တောင်းဆိုရင် နအဖ စစ်အစိုးရအနေနဲ့ ပြုပြင်ပေးရမှာဖြစ်ပါတယ်။ အလားတူ စစ်တွေမှာ ရေအခက်အခဲဖြစ်နေတာတို့၊ ဆေးခန်းတွေမှာ ဆေးမရှိဖြစ်နေတာတို့၊ လူတွေအနေနဲ့ ချဲထီ လောင်းကစားတဲ့အတွက် ဘဝပျက်နေတာကြောင့် ချဲထီကို ပိတ်ပင်ပေးဖို့ တောင်းဆိုကြတယ်ဆိုရင် နအဖ စစ်အစိုးရအနေနဲ့ လူထုရဲ့တောင်းဆိုမှုတွေကို အနည်းနဲ့အများ လိုက်လျော့ပေးရမှာ ဖြစ်ပါတယ်။

ခုလို ဒေသဆိုင်ရာ အာဏာပိုင်တွေ လုပ်သမျှငြိမ်ခံနေမယ်။ ဘာမှမပြောဆိုဘဲ နေမယ်ဆိုရင်တော့ ဘာအခွင့် အရေးမှ ရမှာမဟုတ်သလို သက်ဆိုင်ရာ အစိုးရအရာရှိကြီးတွေအနေနဲ့လည်း လူထုတွေ ဘာကိုလိုလား နေတယ်ဆိုတာကို သိမှာမဟုတ်ပါဘူး။ ဒါကြောင့် တခါတခါ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေလို မိမိတို့ရဲ့ နစ်နာချက် လိုလားချက်တွေကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုဖို့ လိုအပ်လှပါတယ်။

လက်ရှိ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ နအဖ စစ်အစိုးရဟာ သူတို့ကို တိုက်ရိုက်မထိခိုက်ရင်၊ သူတို့ အာဏာ တည်မြဲရေးကိုမထိပါးရင် ခုလို ဆန္ဒပြမှုတွေအပေါ်မှာ ရေးကြီးခွင်ကျယ်လုပ်ပီး ကိုင်တွယ်စရာအကြောင်း မရှိပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် ဆန္ဒပြရင်တော့ နအဖ စစ်အစိုးရက မလွဲမသွေ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်လာမှာဖြစ်ပါတယ်။

စစ်တွေလူထုအပါအဝင် တခြားနယ်က လူထုတွေအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံ့ခံမနေဘဲ မိမိတို့ရဲ့ လိုအပ်ချက်တွေ နစ်နာချက်တွေကို နိုင်ငံရေးပယောဂကင်းစွာနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ သက် ဆိုင်ရာကို တောင်းဆိုဖို့ လိုအပ်လှပါတယ်။

နေရာတိုင်းမှာ အကြောက်တရားကသာ ကြီးစိုးနေမယ်ဆိုရင် မိမိတို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဘယ်တော့မှ ရရှိနိုင်မှာမဟုတ်သလို မိမိတို့ရဲ့ နစ်နာချက်တွေကိုလည်း ဘယ်သူကမှ သိရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စစ်တွေ ကုန်တန်းရပ်ကွက်က အမျိုးသမီးတွေလို ရခိုင်လူထုအနေနဲ့လည်း မိမိတို့ရဲ့ နစ်နာချက် လိုအပ်ချက်တွေကို အခါအခွင့်သင့်ရင် လမ်းပေါ်ထွက်ပီး တောင်းဆိုသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

http://www.narinjara.com/article/burmese%20article-1-6-4-2010.htm

Written by Lwin Aung Soe

July 7, 2010 at 3:59 am