Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for the ‘ကြေညာချက်’ Category

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် (ရက်စွဲ – ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်)

with one comment

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ – ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက်စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန်ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။

ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ –

(ဗဟိုအလုပ်အမှုဆောင်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။

Written by Lwin Aung Soe

May 14, 2009 at 1:36 pm

ရွှေဂုံတိုင် ကြေညာစာတမ်းအား NLD-LA (Japan) သုံးသပ်ထောက်ခံ

leave a comment »

NLD-LAJP-statement10052009

NLD-LAJP-statement100520099

Download PDF – here

Written by Lwin Aung Soe

May 10, 2009 at 8:00 pm

NLD (လွတ်မြောက်နယ်မြေ) ကြေညာချက် ထုတ်ပြန်

leave a comment »

nld-la-st1.jpg

nld-la-st2.jpg

Download PDF – here

Written by Lwin Aung Soe

May 10, 2009 at 7:57 pm

Posted in ကြေညာချက်

Tagged with

NLD’s Shwegondaing Statement

leave a comment »

shwegondaing-declaration-1e

shwegondaing-declaration-2e

shwegondaing-declaration-3e1

Written by Lwin Aung Soe

May 4, 2009 at 12:38 pm

ရွှေဂုံတိုင် ကြေညာစာတမ်း

leave a comment »

.shwegonetaing1

shwegonetaing21

shwegonetaing31

……………………………………shwegonetaing4

Download

shwegonetaing1

shwegonetaing2

shwegonetaing3

shwegonetaing4

Written by Lwin Aung Soe

May 4, 2009 at 11:02 am

မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ပေးရေး အကူအညီလိုနေ

leave a comment »

.

o1

o5

orphan1

o4

o3

o2

ကလေးတိုင်း စာသင်နိုင်ကြရမည်။ ပျော်ရွှင်ကြရမည်။ ကျန်းမာရေးကောင်းမွန်နေကြရမည်။ အဟာရဓါတ်ပြည့်ဝစွာ စားသောက်နိုင်ကြရမည်။ လုံခြုံစိတ်ချစွာ နေနိုင်ကြရမည်။

ဤကလေးများသည် နောင်အနာဂတ်မြန်မာနိုင်ငံကို စွမ်းစွမ်းတမံ တည်ဆောက်မည့်သူများတွင် ပါဝင်လာနိုင်ဖို့ အခွင့်အလမ်း ရှိနေသည်။ သူတို့သည် အခြားကလေးများကဲ့သို့ တန်းတူညီတူ ဖြစ်နေရမည်။

မိဘမေတ္တာနှင့် ကင်းဝေးရသော ထိုကလေးများအား တိုင်းပြည်မေတ္တာ၊ လူထုမေတ္တာဖြင့် လွှမ်းခြုံ နွေးထွေးစေရမည်။

သူတို့ လူလားမြောက်၍ တိုင်းပြည်တာဝန်များ ထမ်းဆောင်လာနိုင်ရန် နိုင်ငံအစိုးရတွင် တာဝန်ရှိသည်။ စေတနာရှင် ပြည်သူများတွင်လည်း တာဝန်ရှိသည်။ သူတို့အား ထောက်ပံ့ကူညီခြင်းဖြင့် တိုင်းပြည်တာဝန်ကို တဘက်တလမ်းမှ ဝိုင်းဝန်းအားဖြည့်ကြပါစို့။

………………

Written by Lwin Aung Soe

March 23, 2009 at 12:48 pm

ဦးရွှေအုံး ထုတ်ပြန်ကြေငြာချက် (၁၆-၁၁-၂၀၀၇)

leave a comment »

download file  – u-shwe-ohms-unld.pdf

Source – Shan Gyi and Burma Digest

Written by Lwin Aung Soe

November 26, 2007 at 8:25 am